Stage Design

2013 - State Design
MUM စလုပ်တဲ့ ၂၀၁၃ ကတည်းက ပွဲကို Theme လေးနဲ့သွားမယ်လို့စဉ်းစားပါတယ်။ ထူးဖောင်ဒေးရှင်းကလည်းအဓိက ပံ့ပိုးပေးပါတယ်။ ကိုယ့်မြန်မာနိုင်ငံရဲ့ ချစ်စရာတိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်လေးတွေရယ် ခရီးသွားတွေစိတ်ဝင်စားမယ့်နေရာလေးတွေကို အများသတိထားစေချင်တဲ့ရည်ရွယ်ချက်နဲ့ စဉ်းစားခဲ့ပါတယ်။
ပထမဆုံးနှစ်မှာတော့ လှပတဲ့ အင်းလေးဒေသကို ပြသချင်တာကြောင့် first scene ကို အင်းလေးကန်နောက်ခံရယ် လှေရယ် ကြာပန်းတွေရယ် အင်းသူအင်းသားတွေရယ် အားဖြည့်ပြီး ရှမ်းအကလေးနဲ့ စ ဖွင့်ခဲ့ပါတယ်။
Second scene ကိုတော့ ရေကူးဝတ်စုံလေးနဲ့လိုက်ဖက်အောင် ကမ်းခြေပုံစံလေးကို ကာတွန်းဒီဇိုင်းလေးလုပ်ပြီး ခုံလေးတွေ အုန်းပင်လေးတွေနဲ့ အားဖြည့်ထားပါတယ်။
နောက်ဆုံး evening gown round ကိုတော့ လိုက်ဖက်မှုရှိအောင် ကရဝိတ်ရဲ့ ညရှုခင်းလိုမျိုးလေး
လုပ်ထားပြီး မီးတိုင်တွေနဲ့ အလှဆင်ထားပါတယ်။
တစ်ပွဲထဲမှာ stage ပုံစံ သုံးမျိုးပြောင်းဖို့ဆိုတာ အချိန်တိုအတွင်း လုပ်ဖို့မလွယ်ကူပါဘူး။ ပြီးတော့လိုက်ကာ မချပဲ မီးလေးမှိန်ပြီးအမြန်လုပ်ရတာပါ။ အင်းလေး ဒီဇိုင်းပြီးတာနဲ့ ရေခဲခြောက်ကရေတွေ အမြန်သုတ်ကြရပါတယ်။ဘယ်လောက်ထိကြိုးစားခဲ့ကြလည်းဆိုတာ ကိုစတီးလ်တို့အသိဆုံးပါ LED မှာပြတဲ့ မြန်မာအမျိုးသမီးတွေကိုဂုဏ်ပြုတဲ့ Myanmar Heart ဆိုတဲ့ Documentary ဆိုလည်း ဦးမျိုးမင်းကို ခြောက်လလောက်ကြိုပြီးအပ်ထားတာပါ။
သီချင်းတွေအတွက်လည်း ဆရာမြင့်မိုးအောင်က အကောင်းဆုံးအကြံဥာဏ်ပေးခဲ့ပါတယ်။ ဝိုင်းကူပေးကြတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေအားလုံး စေတနာပါပါ ကြိုးစားခဲ့ကြတာ မှတ်မှတ်ရရပါပဲ။
--------------------------------------------------
2014 - Stage Design
MUM ရဲ့ ဒုတိယနှစ်ကိုတော့ အရှေ့တောင်အာရှမှာ တစ်နေရာတည်းရှိတဲ့ ကချင်ပြည်နယ်က ရေခဲတောင်ကို ပြချင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံကောင်းရဖို့ ကိုယ်တိုင်အပင်ပန်းခံ သွားရောက်ရိုက်ကူးခဲ့တဲ့ အန်ကယ်ဦးလှမြင့်ဆွေဆီက ခွင့်ပြုချက်တောင်းပြီးသုံးခဲ့ပါတယ်။
အဲဒီနှစ်တုန်းက ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေဆီသွားရောက်အားပေးဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးနဲ့ နေထိုင်ရေးအခက်အခဲတွေကြောင့်မသွားနိုင်ခဲ့ပါဘူး။ Swimsuit round မှတော့ စိမ်းစိုတဲ့ တောတောင်ရေတံခွန် နဲ့ ပုံဖော်ခဲ့ကြပါတယ်။
နောက်ဆုံး round ကို ပန်းခင်းထဲက ပန်းလေးတွေ အလှချင်းပြိုင်နေကြသလိုမျိုးလေးစဉ်းစားပြီး လိပ်ပြာလေးတွေနဲ့ တင်ဆက်ခဲ့ကြပါတယ်။ အဖွဲ့သားတွေအားလုံး အဓိပ္ပယ်ရှိရှိကြိုးစားအားထုတ်ခဲ့ကြတာ အသိအမှတ်ပြုဖို့ ကောင်းပါတယ်။
--------------------------------------------------
2015 & 2016 - Stage Design
တတိယအကြိမ်မြောက်ပြုလုပ်တဲ့ MUM ပွဲကိုတော့ မြို့ပေါင်း ၁၃ မြို့ က ကိုယ်စားပြု အလှမယ်တွေပေါ်ထွက်လာတာကြောင့် တစ်နေရာတည်းကို Highlight မလုပ်တော့ပဲ အများနဲ့ သက်ဆိုင်တဲ့ ဧရာဝတီကို ကိုယ်စားပြုဖို့စဉ်းစားခဲ့ကြပါတယ်။
ဧရာဝတီရဲ့မူရင်းဓါတ်ပုံဆရာကို အသုံးပြုခ ပေး ခွင့်တောင်းပြီး သေချာ လုပ်ခဲ့ကြပါတယ်။ ဒီနှစ်မှာ အားလုံးခံစားခဲ့ကြရတဲ့ ရေဘေးရယ် အရေးကြီးတဲ့ ရွေးကောက်ပွဲ အခြေအနေတွေကြောင့်ရယ် အခက်အခဲတွေ အကြပ်အတည်းတွေ အများကြီးရှိခဲ့ပါတယ်။ ပြီးတော့ အမျိုးသားဇာတ်ရုံမှာလည်း နိုင်ငံတော်ယဉ်ကျေးမှုပွဲတွေကလွဲလို့ အခြားပွဲတွေကို အတော်လေးစိစစ်နေချိန်ပါ။
လူ တစ်ထောင်ကျော်ဆန့်ပြီး ပြင်ဆင်ချိန် လေ့ကျင့်ချိန် ရက်ရှည်ပေးပြီး ကူညီပေးနိုင်တာ
Gandamar Ballroom ပဲရှိပါတယ်။ ရတဲ့နေရာအတိုင်းအတာအတွင်း စတိတ်စင်ပြင်ဆင်ခဲ့ကြရပါတယ်။ သိပ်လည်းမမြင့်တဲ့အတွက် ဧရာဝတီတံတား ပုံစံလေးကိုပဲ အရောင်တွေအများကြီး မထည့်ဖို့ဆုံးဖြတ်ခဲ့ကြရပါတယ်။ MUM အဖွဲ့သားတွေ အခက်အခဲ အကြပ်အတည်းတွေကြားထဲက အကောင်းဆုံးတင်ဆက်ခဲ့ကြတယ်။ လွယ်လွယ်မလုပ်ဘူး။
ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်ကို လက်ကိုင်ထားတတ်တဲ့ ခံယူချက်မျိုးရှိနေကြတာဟာ ဘာပဲပြောပြော
ကျေနပ်စရာပါ။
Message from Our National Director - Daw Soe Yu Wai