Smile Train Charity Program

Miss Universe Myanmar Organization မှ Smile Train Charity Program တွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Smile Train Charity Program သည် New York အခြေစိုက် Miss Universe အဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် ဆောင်ရွက်လျက်ရှိပါသည်။ Smile Train Charity Progam မှာ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးနေသည့် အစီအစဉ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ ၂၅၀ဝ ကျော်ကို ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ခွဲစိတ်ရန်လိုအပ်သည့် မည်သူမဆို Miss Universe Myanmar Organization သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီး မိမိတို့၏ နေထိုင်ရာ ဒေသနှင့် နီးစပ်ရာမြို့ကြီးများတွင် ခွဲစိတ်မှု ခံယူနိုင်ရန် ပူးပေါင်း စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

Smile Train Charity Program - Official Letter [DOWNLOAD NOW]