Sharr's Birthday Donation

၁.၁.၂၀၁၅ နှစ်သစ်မင်္ဂလာအခါသမယတွင် ကျရောက်သော အမိမြန်မာနိုင်ငံတော် ကိုယ်စားပြု မယ်စကြာဝဠာမြန်မာ ၂၀၁၄ သျှားထွဋ်အိန္ဒြာ၏ မွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် South Florida ဓမ္မာလောက မိုးကုတ်ဝိပဿနာ ကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော အတုမရှိမြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဝလံများဖြင့် ပူဇော်လှူဒါန်းပြီး သံဃာတော်တို့အား နဝကမ္မဝတ္ထုများ ဆက်ကပ်လှူ ဒါန်းပါသည်။ ဤသို့ပြုရသော ကုသိုလ်ကောင်းမှု၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် ၂၅.၁.၂၀၁၅ နေ့တွင် ဖလော်ရီဒါပြည်နယ် Miami-Dade County, Doral မြို့ FIU (Florida International University) တွင်ကျင်းပပြုလုပ်မည့် Miss Universe Pageant 2014 Contest မယ်စကြာဝဠာ ၂၀၁၄ပြိုင်ပွဲကြီးတွင် အကောင်းဆုံးမယ်စကြာဝဠာဆုကြီးကို ရယူပိုင်ဆိုင်အောင်မြင်နိုင်ပါစေ။ အောင်မြင်ခြင်းတကာတို့ရဲ့ ထိပ်ဆုံးမှာပြုံးပျော်ကြည်နူးနိုင်ပါစေ။

2015 Jan 1 (U.S. Eastern Date)