National Director ထံမှ ကျေးဇူးတင်မှတ်တမ်း

From Our National Director » Daw Soe Yu Wai
63 ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကတော့ကျင်းပပြီးစီးသွားပါပြီ။ ဒီပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သျှား အနေနနဲ့ မြန်မာနိုင်ငံအတွက် ဂုဏ်မငယ်ရအောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင် ခဲ့ပါတယ်။

ဖွံ့ဖြိုးပြီး အင်အားကြီး နိုင်ငံတွေက ဒိတ်ဒိတ်ကြဲ အလှမယ်တွေကြားမှာ ရင်ဘောင်တန်းကြိုးစားယှဉ်ပြိုင် နိုင်ခဲ့ပါတယ်။ စခန်းသွင်းလေ့ကျင့်ချိန်အတွင်း အရင်နှစ်ထက် ပိုပြီး လှုပ်ရှားမှုတွေမှာ ရှေ့တန်းက တက်ကြွစွာပါဝင်ခွင့်ရ ခဲ့ပါတယ်။ ပြိုင်ပွဲပြီးဆုံးသည်အထိ အကောင်းမွန်ဆုံးကြိုးစားယှဉ်ပြိုင် ခဲ့တဲ့ကျွန်မတို့ရဲ့ သျှားကို ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်များကိုလည်း အထူးပဲကျေးဇူးတင်ရှိရပါတယ်။

ဒီပြိုင်ပွဲမှာ အာရှတိုက်က ပြိုင်ပွဲဝင်တွေဖြစ်တဲ့ China, Korea နဲ့ Japan တို့ Top 15 မဝင်တာ စိတ်မကောင်းဖြစ်ပေမယ့် အင်ဒိုနီးရှား ,အိန္ဒိယ နဲ့ ဖိလစ်ပိုင်တို့ ပါဝင်ခဲ့တဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။

Top 15 မှာ ပါဝင်နေကြ နာမည်ကြီး နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေကအင်အား တောင့်တင်း တဲ့ ပရိတ်သတ်တွေရဲ့ အုံးအုံးထအောင် အားပေးကြတာကို သတိပြုမိပါတယ်။ တစ်နှစ်ထက်တစ်နှစ်အတွေ့အကြုံကောင်းတွေယူပြီး မဆုတ်မနစ်ကြိုးစားကြရမှာပါ။ အခု ရသွားတဲ့ Colombia ဆိုရင် သရဖူ မရတာ နှစ်ပေါင်း ၅၀ ကျော်ကြာပါပြီ။ စွဲစွဲမြဲမြဲကြိုးစား အားပေးကြတာ အတုယူစရာ ကောင်းပါတယ်။

(၆၃)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော Miss Universe Myanmar Sharr Htut Eaindra ဧ။် ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်း အားပေးစကားများပြောကြားပေးသော ပရိတ်သတ်များနှင့် မိတ်ဆွေသူငယ်ချင်းများ၊ online voting များပြုလုပ်ပေးကြသော မိဘပြည်သူများ၊ Fan Page များထောင်ကာ Campaign များပြုလုပ်ပေးသော Supporter များ၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မျှဝေဖြန့်ဖြူး ပေးသော MUM Official IT provider New Wave Technology နှင့် အခြား Admin များ၊ ပြိုင်ပွဲကာလအတွင်း ဘာသာစကားပြန်ကြားပေးသော Uncle Ronnie Co ltd မှ မန္တလေး City Director ဦးရော်နီငြိမ်း၊ ပြိုင်ပွဲသို့တက်ရောက်သတင်း ယူရန်ညွှန်ကြားပေးသော ဝါရှင်တန်ဒီစီမှ VOA ဌာနမှုး ဦးသန်းလွင်ထွန်း နှင့် VOA အဖွဲ့သားများ၊ သတင်းများကိုဖော်ပြပေးသော လော့စ်အိန်ဂျလိစ်မှ Myanmar Gazette သတင်းစာ အယ်ဒီတာချုပ် ကိုအောင်ခိုင်ဘွား နှင့် ဇနီး မဆွေဆွေအေး၊ ပြိုင်ပွဲဝင်ရန်လာရောက်စဉ် မြန်မာများလာရောက်ကြိုဆိုရေး အတွက်တိုက်တွန်းလှုံ့ဆော်ပေးသော ကိုရဲဝင်းနိုင်နှင့်ဇနီး မဟန်စုယဉ်၊ Miami တွင် MUM အဖွဲ့သားများအား နေထိုင်သွားလာရေးများကို ခွန်စိုက် အားစိုက်ကူညီပေးသော ဦးအောင်ဇေယျ နှင့် ဇနီး မအေးအေးမော်၊ ဦးသန်းအောင်နှင့်ဇနီး၊ ဖလော်ရီဒါမြန်မာမိသားစုများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီများ၊ မြန်မာနိုင်ငံတွင်ကျင်းပသော Miss Universe Myanmar 2014 တွင် Main Sponsor အဖြစ်ပံ့ပိုးကူညီပေးသော Huawei၊ Platinum Sponsor ဖြစ်သော Bangkok Airways၊ Gold Sponsor များဖြစ်သော Holidays Television Co ltd, Palmolive, Posco,BSC, Pyi Wai Shan, Shwe Pyi Nann, DABO, Crystal Tomato, Nobody, ဒီဇိုင်နာ ပြည်စိုးအောင်၊ဒီဇိုင်နာ မပုံ့၊ဒီဇိုင်နာ ငြိမ်းကို, National Costume အတွက် ဖိနပ်ပို့ပေးသော မလေးရှားမှ ဒီဇိုင်နာ Lazing Gam Htoi, အသိပညာရှင် အတတ်ပညာရှင်များနှင့် အခြားကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။