MYANMA THANAKA မြန်မာ့သနပ်ခါး

For this year Miss Universe Myanmar National Costume is Thanaka. Hundreds of years ago Thanaka is used by Burmese women as a natural cosmetic, to keep their skin looking youthful and it remains extremely popular. To get the best quality pieces of bark, the tree must be at least 8 years above. Thanaka is readily available at local markets in the country. In order to prepare it, firstly drop some water to produce the cream. The creamy paste can be applied to your face and body with a simple finger, or with a brush. When you are visiting Myanmar, you will wounded why the faces of women are applied with Thanaka. Thanaka is one of the well-known logo for Myanmar and that is why I’ve created National Costume for Miss Universe Myanmar this year.

ယခုနှစ် မယ်စကြာဝဠာမြန်မာအလှမယ်ရဲ့ အမျိုးသားဝတ်စုံအား သနပ်ခါးကိုရည်ညွှန်းပြီး ဖန်တီးထားခြင်းဖြစ်ပါတယ်။ သနပ်ခါးကို ရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာအမျိုးသမီးများရဲ့သဘာဝအလှကုန်ပစ္စည်းအဖြစ် သုံးစွဲလာခဲ့ကြတာဖြစ်တဲ့အပြင် အသားအရေထိန်းသိမ်းပေးတဲ့ ပစ္စည်းအဖြစ်လည်း လူသိများထင်ရှားပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ သနပ်ခါးအခေါက်ကိုရရှိဖို့အတွက် သနပ်ခါးအပင်ကို ၈ နှစ်ကျော်လောက်စောင့်ဆိုင်းရပါတယ်။ သနပ်ခါးကို မြန်မာနိုင်ငံမှာလွယ်ကူစွာ ဝယ်ယူရရှိနိုင်ပါတယ်။ သနပ်ခါးအတုံးကို ကျောက်ပျဉ်ပေါ်မှာ ရေအနည်းငယ်နဲ့သွေးပြီး အနှစ်ရအောင်အရင်လုပ်ရပါတယ်။ ရရှိလာတဲ့သနပ်ခါးအနှစ်ကို လက်ချောင်း (သို့မဟုတ်) သွားပွတ်တံလိုမျိုး ဘရပ်ရှ် ကို အသုံးပြုပြီး မျက်နှာ နှင့် ခန္ဓာကိုယ်တွင် လွယ်ကူစွာလိမ်းခြယ်အသုံးပြုနိုင်ပါတယ်။
မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့အခါ သနပ်ခါးလိမ်းခြယ်ထားတဲ့ အမျိုးသမီးအများအပြားကို တွေ့ရှိနိုင်ပါတယ်။ သနပ်ခါးဟာ မြန်မာလူမျိုးတွေအတွက် လူသိများထင်ရှားတဲ့ အမှတ်အသားတစ်ခုဖြစ်တာကြောင့် ယခုနှစ် မယ်စကြာဝဠာမြန်မာရဲ့ အမျိုးသားဝတ်စုံအဖြစ် ရိုးရှင်းစွာ ဖန်တီးပုံဖော်တင်ဆက်ထားခြင်းဖြစ်ပါတယ်။

Designer - Seng Latt (MAKA)
Make Up & Hair - NK Aung Sha
Photo - Kingsman Photo Club