MUM2017 National Costume Competition & National Gifts Auction

လေးစားအပ်ပါသော မီဒီယာမိတ်ဆွေများခင်ဗျာ - Miss Universe Myanmar 2017 ပြိုင်ပွဲဝင် အလှမယ်များ၏ National Costume နှင့် National Gifts လေလံတင်ရောင်းချခြင်းအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ ညနေ(၆)နာရီတွင် Gandamar Grand Ballroom ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်ရောင်းချငွေများနှင့် လေလံတင်ရောင်းချရသောငွေများကို လူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဖြစ်ပါသည်။ မီဒီယာမိတ်ဆွေများအနေဖြင့် ပြိုင်ပွဲကျင်းပမည့် (၂၉-၉-၂၀၁၆)ရက် နေ့တွင် Media Registration ပြုလုပ်ပြီး ပွဲကြည့်လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ယင်းပွဲကြည့်လက်မှတ်ဖြင့် မိမိကြိုက်နှစ်သက်ရာ National Costume ကို မဲပေးရွေးချယ်နိုင်မည်ဖြစ်ပါသည်။