MUM 2017 Press Released

ခင်မင်လေးစားအပ်ပါသော မီဒီယာမိတ်ဆွေများခင်ဗျာ Miss Universe Myanmar Organization သည် ၂၀၁၃ ခုနှစ်မှ စတင်ကာ Miss Universe Myanmar ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်များအား Miss Universe ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စိတ်ပါဝင်စားသူအမျိုးသမီးငယ်များ ယှဉ်ပြိုင်ခွင့်ရရှိစေရန် ရည်ရွယ်၍ မြို့ကြီး(၁၃)မြို့တွင် အကြိုပြိုင်ပွဲများပြုလုပ်ပြီး ကိုယ်စားပြုအလှမယ်များ ရွေးချယ်ခဲ့ပါသည်။ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေဖြင့် ပြင်ဆင်ချိန် ပိုမိုရရှိစေရန်အတွက် ၂၀၁၅ ခုနှစ်တွင်ပြုလုပ်သော Miss Universe Myanmar ပြိုင်ပွဲ၌ Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 တို့ကို ရွေးချယ်ခဲ့ပါသည်။

ယခုအခါ Miss Universe Myanmar 2017 ရွေးချယ်မည့် ပြိုင်ပွဲအား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလဆန်းတွင်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ယခုနှစ်တွင် အောင်လံ၊ ပဲခူး၊ ထားဝယ်၊ ဖားကန့်၊ ကျိုင်းတုံ၊ လားရှိုး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ မိုးကုတ်၊ မုံရွာ၊ မြဝတီ၊ မြိတ်၊ မြစ်ကြီးနား၊ နေပြည်တော်၊ ပုသိမ်၊ ပြည်၊ ပြင်ဦးလွင်၊ စစ်တွေ၊ တာချီလိတ်၊ တောင်ငူ နှင့် တောင်ကြီး စသည့် မြို့ကြီး (၂၄) မြို့တွင် အကြိုပြိုင်ပွဲများကို ပြုလုပ်ရန် စီစဉ်လျှက်ရှိပါသည်။ Miss Unvierse Myanmar Organization သို့ပေးပို့သည့် ပြိုင်ပွဲဝင်လျှောက်လွှာများမှ လူတွေ့စစ်ဆေးပြီး ဆန်ခါတင်(၆)ဦးမှ (၈)ဦးခန့် ရွေးချယ်သွားမည်ဖြစ်ပါသည်။ Miss Universe Myanmar 2017 ပြိုင်ပွဲကြီးအား အောက်ဖော်ပြပါအတိုင်း ပြုလုပ်သွားရန် စီစဉ်လျှက်ရှိပါသည်။

မြို့ကြီးများတွင် ပြိုင်ပွဲများပြုလုပ်ခြင်း
• ၂၈.၂.၁၆ မှ ၃၀.၇.၁၆ ထိ

ပြိုင်ပွဲဝင်လျှောက်လွှာများလက်ခံခြင်း
• ၁.၃.၁၆ မှ ၆.၈.၁၆ ထိ

လူတွေ့စစ်ဆေးခြင်းနှင့် ဆန်ခါတင်ရွေးချယ်ခြင်း
• ၁၇.၈.၁၆

ဆန်ခါတင်အလှမယ်များအား စာနယ်ဇင်းမီဒီယာများနှင့် မိတ်ဆက်ခြင်း
• ၁၉.၈.၁၆

ဓါတ်ပုံရိုက်ကူးခြင်း
• ၂၀.၈.၁၆ မှ ၂၁.၈.၁၆ ထိ

လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
• ၁၂.၉.၁၆ မှ ၂၂.၉.၁၆ ထိ

ပံ့ပိုးသည့် ကုမ္ပဏီများသို့ သွားရောက်လည်ပတ်ခြင်း
• ၂၀.၉.၁၆ မှ ၂၂.၉.၁၆ ထိ

National Costume Competition နှင့် National Gift ရောင်းချခြင်း
• ၂၄.၉.၁၆

စခန်းသွင်းလေ့ကျင်းခြင်း
• ၂၆.၉.၁၆ မှ ၃၀.၉.၁၆ ထိ

ပြိုင်ပွဲကျင်းပခြင်း
• ၁.၁၀.၁၆ (သို့) ၈.၁၀.၁၆

ယခုနှစ်အတွက် Official Media Partner များအဖြစ် Channel 9, Media 7, 7 Days Daily Newspaper နှင့် 7 Day Journal, NOW Magazine တို့မှ ပူးပေါင်းပါဝင်သွားမည်ဖြစ်ပါသည်။ မြို့ကြီးများမှ ကိုယ်စားပြုအလှမယ်ရွေးချယ် ကျင်းပပုံများကို Hello! Miss Universe TV Program အဖြစ် (၄.၆.၁၆) မှ (၂၅.၉.၁၆)ထိ စနေ၊ တနင်္ဂနွေနေ့ ည (၇း၀၀)နာရီမှ (၈း၀၀) နာရီအတွင်း Channel 9 တွင်ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။ ပူးပေါင်းပါဝင်လိုသူများနှင့် မေးမြန်းလိုသည်များရှိပါက ဖုန်း ၀၉၈၆၀၁၈၅၄၊ ၀၉၅၁၅၈၈၃၈၊ ၀၁-၃၉၃၁၀၂၊ ၀၁-၃၉၂၀၉၉ များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်
Miss Universe Myanmar Organization