MUM 2015 & 2016 Top 20 Finalist စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနား

Miss Universe Myanmar 2015 & 2016 Top 20 Finalist  များအား
• ၅.၉.၂၀၁၅ ရက်နေ့တွင် Gandamar Grand Ballroom ၌ နေ့လည် (၁း၀၀ မှ ၃း၀၀ ထိ) စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်ပါ၍ စာနယ်ဇင်းမိတ်ဆွေများမှ သတင်းတက်ရောက်ယူနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ထို့အပြင်
• ၇.၉.၂၀၁၅ ရက်နေ့ (သို့မဟုတ်) ၁၁.၉.၂၀၁၅ ရက်နေ့ (နေ့လည် ၁း၀၀ နာရီ)တွင် ရွှေဂုံတိုင်ကလေးပြုစုရေး ဂေဟာမှကလေးငယ်များနှင့်အတူမြို့ပတ်ရထားစီးခြင်းနှင့်အာဟာရကျွေးမွေးခြင်းများပြုလုပ်မည် ဖြစ်ပြီး

• ၈.၉.၂၀၁၅ရက်နေ့မှ ၁၀.၉.၂၀၁၅ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး သို့ လူမှုရေးလှုပ်ရှားမှုများ၊ ချောင်းသာကမ်းခြေတွင် သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲပြုလုပ်ခြင်း၊ ဟင်းချက်ပြိုင်ပွဲပြုလုပ်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ပါသည်။

• ၂၅.၉.၂၀၁၅ ရက်နေ့မှ ၂၇.၉.၂၀၁၅ ရက်နေ့တွင် Sponsor ကုမ္ပဏီများထံသွားရောက်လည်ပတ်မည်ဖြစ်ပါသည်။  

• ၃၀.၉.၂၀၁၅ ရက်နေ့တွင် Gandamar Grand Ballroom ၌ National Costume ပြိုင်ပွဲနှင့် National Gift လေလံတင်ရောင်းချပွဲ အားကျင်းပပြီး ၊လေလံတင်ရောင်းချရငွေများအား လှူဒါန်းသွားမည်ဖြစ်ပါသောကြောင့် စာနယ်ဇင်းမိတ်ဆွေများနှင့် စိတ်ပါဝင်စားသော မိတ်ဆွေများအားလုံးကို ကြွရောက်ချီးမြှင့်ပေးပါရန်  လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

• ၂၈.၉.၂၀၁၅ - ၂.၁၀.၂၀၁၅ ရက်နေ့ထိ စခန်းသွင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၃.၁၀.၂၀၁၅ ရက်နေ့ ညနေ ၆း၀၀ နာရီတိတိအချိန်တွင် Final ပြိုင်ပွဲကြီးအား Gandamar Grand Ballroom ၌  ကျင်းပသွားမည်ဖြစ်ပါသည်။

ကျေးဇူးတင်ရှိပါသည်။
Miss Universe Myanmar Organization