Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 တို့အား တစ်ပြိုင်နက်ရွေးချယ်သွားမည်

၂၀၁၅ခုနှစ် အောက်တိုဘာ (၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် Miss Universe Myanmar ပြိုင်ပွဲ၌ Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 တို့အား တစ်ပြိုင်နက် ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါအလှမယ်များသည် Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်များအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ရွေးချယ်ရခြင်းမှာ နောင်လာမည့်နှစ်များအတွက် ပြိုင်ပွဲဝင်မည့် အလှမယ်အား လေ့ကျင့်ချိန်ပိုမိုရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်တွင် ပြုလုပ်မည့် Miss Universe Myanmar ပြိုင်ပွဲမှ အနိုင်ရရှိသည့် အလှမယ်သည် Miss Universe 2017 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ ယခုကဲ့သို့ Miss Universe Myanmar ပြိုင်ပွဲကြီး တစ်ခုတည်းတွင် အလှမယ် (၂)ဦးရွေးချယ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး Miss Universe Organization မှ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ယခုနှစ်တွင် ကျင်းပမည့် Miss Universe Myanmar ပြိုင်ပွဲကြီးတွင် အသက်(၁၇) နှစ်ပြည့်ပြီးသူများပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။

Miss Universe Myanmar Organization