Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ၏ Official National Costume

Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာသည် National Costume ကို မြန်မာနိုင်ငံတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဒေသအဖြစ် ပထမဦးဆုံး အသိအမှတ်ပြုခြင်းခံရသည့် ပျူ မြို့များအနက် ဗိဿနိုးမြို့ကိုအုပ်ချုပ်သည့် ပန်ထွာဘုရင်မ၏ ဝတ်စုံဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

ပန်ထွာဘုရင်မ ပေါ်ပေါက်ခဲ့သည်မှာ အေဒီ (၂) ရာစုခန့်က ဖြစ်သောကြောင့် ပန်ထွာဘုရင်မ၏ ဝတ်စုံအစစ်ပုံစံအား ကိုးကားနိုင်မည့်မှတ်တမ်းများ နည်းပါးသည့်အတွက် သမိုင်းနောက်ခံဝတ္ထုများနှင့် ပန်းချီကားများမှ ကိုးကားဖန်တီးထားခြင်းဖြစ်ပါသည်။ အထူးသဖြင့် ယခုဝတ်စုံဒီဇိုင်းနှင့် စစ်ထွက်သရုပ်ဖော်ဟန်အား ပန်းချီဆရာကြီး မောင်ကျော်ညွှန့်၏ ပန်ထွာပန်းချီကားမှ ကိုးကားထားခြင်းဖြစ်ပါသည်။

Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ၏ National Costume ကို ဒီဇိုင်နာ မပုံ့ (My Favourite) မှ ဖန်တီးချုပ်လုပ်ပေးထားခြင်းဖြစ်ပြီး မကိုဋ်နှင့် ခါးစည်းတွင် သဘာဝမိုးကုတ် တွင်းထွက် ကျောက်မျက်များဖြင့် မန္တလေးမှ ကြေးပညာရှင်များမှ ပြုလုပ်ပေးထားခြင်းဖြစ်ပါသည်။

ဒီဇိုင်နာ - မပုံ့ (My Favourite)
မိတ်ကပ် - စိုးစိုးဒါလီ
ဓါတ်ပုံ - ကိုအောင်ဇော် (Love Space)
ဒီဇိုင်း - Salt
Ref - ပန်းချီ မောင်ကျော်ညွန့်