Miss Universe 2019 TOP 20 Voting Now Open

မြန်မာကိုယ်စားပြုအလှမယ် ဆွေဇင်ထက် TOP 20 Finalists ဖြစ်ဖို့အတွက် Vote ပေးကြဖို့ အင်အားပြကြဖို့အချိန်ကြရောက်လာပါပြီရှင်။

ပထမဦးစွာ vote.missuniverse.com ကိုသွားပြီး TOP 20 Voting Now Open မှာ VOTE NOW ကို နှိပ်ကာ နိုင်ငံကိုယ်စားပြုအလှမယ် အယောက်(၉၀) နံပါတ်ကိုယ်စီထွက်လာပါလိမ့်မည်။ မြန်မာကိုယ်စားပြုအလှမယ် ဆွေဇက်ထက်က နံပါတ် (59)ပါရှင်။ [ ပုံ - ၁ နှင့် ပုံ - ၂ ]

 

နံပါတ် (59) ဘေးက အစိမ်းရောင်ကြယ်လေးကို နှိပ်ရပါမယ်ရှင်။ ကြယ်လေး အဝါရောင်ပြောင်းပြီး My Choice ဆိုသော စာသားအစိမ်းပေါ်လာလျှင် သင်ပေးသော Free Vote တစ်ကြိမ်အောင်မြင်ပါပြီ။ တစ်ကြိမ်သာလျှင်ပေးခွင့်ရှိတာပါ။ [ ပုံ - ၃ ]

အဝါရောင်ကြယ်လေးအပေါ်ထပ်နှိပ်ပြီး Crédit Card/ Débit Card ဖြင့် ကျသင့်ငွေအတိုင်း ထပ်မံ Vote ပေးနိုင်ပါတယ်ရှင်။ [ ပုံ - ၄ ]

Voting ပိတ်မယ့်ရက်က December 6, 11:59PM ET on Friday ဖြစ်ပါတယ်ရှင်။

အင်အားပြကြပါဦးစို့။