Miami Hotel Arrival

၂၀၁၅ ဇန်န၀ါရီ (၄) ရက်၊ နေ့လည် (၁) နာရီ (အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန်) (မြန်မာစံတော်ချိန် ၂၀၁၅ ဇန်န၀ါရီ ၅ ရက်နေ့၊ နံနက် ၀၀း၃၀ နာရီ) မှာ သျှားထွဋ်အိန္ဒြာနဲ့တကွ Miss Universe Pageant 2014 ပြိုင်ပွဲဝင် နိုင်ငံတကာမှ အလှမယ် Miss များ၊ ဒီနေ့ကစပြီး စခန်းဝင်နေ ထိုင်ကြရမယ့် Trump National Doral Miami (Five Stars) Hotel သို့ တဖွဲဖွဲရောက်ရှိ သတင်းပို့နေကြပါပြီ။ သျှားထွဋ်အိန္ဒြာသည် Jack Nicklaus Villa တွင် အခန်းဖေါ် Ms. Mary Jean Lastimosa, Miss Universe Philippine 2014 နှင့်အတူ ပြိုင်ပွဲဝင်ကာလပြီးဆုံးသည့် 2015 January 25 အထိ အတူနေထိုင်သွားမည်ဖြစ်ပါသည်။