Face of Beauty International 2018 - Myint Mo May

Face of Beauty International 2018 ပြိုင်ပွဲတွင် Winner ဆုရရှိထားသူ အလှမယ် မြင့်မိုရ်မေ သည် ဇူလိုင်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်မည့် Face of Beauty International 2019 ပြိုင်ပွဲအကြိုစာနယ်ဇင်း မိတ်ဆက်ပွဲသို့တက်ရောက်ရမည်ဖြစ်ပါသည်။ အလှမယ်မြင့်မိုရ်မေသည် လာမည့် ဩဂုတ်လတွင် Face of Beauty Malaysia 2019 အလှမယ် အား သရဖူချီးမြှင့်ရန် မလေးရှားနိုင်ငံသို့ သွားရောက်ရမည်ဖြစ်ပါသည်။ သူမအနေဖြင့် ၂၀၂၀ ခုနှစ်တွင် Face of Beauty International Organization နှင့်အတူ နယူးဇီလန်နိုင်ငံသို့ သွားရောက်ရမည်ဖြစ်ပါသည်။