လေးစားအပ်ပါသော မီဒီယာမိတ်ဆွေများခင်ဗျာ

(၆-၁၀-၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ်မြောက် Miss Universe Myanmar 2017 ပြိုင်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ဆန်ခါတင်အလှမယ်(၂၆)ဦးသည် စက်တင် ဘာလမှစတင်ကာ လေ့လာရေးခရီးများ လူမှုရေးခရီးစဉ်များ စခန်းသွင်းလေ့ကျင့်ခြင်းများပြုလုပ်လျက် ရှိပါသည်။ ဆန်ခါတင်အလှမယ်များသည် (၄-၉-၁၆)ရက်နေ့တွင်  Contents HUB ကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ပြီး အလှမယ်များ၏ လှုပ်ရှားမှု Video File များကို MPT များမှတစ်ဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပြီး SMS Voting ပေးပို့ရမည့် အခြေအနေများအား လေ့လာဆွေးနွေးခဲ့ကြပါသည်။ SMS Voting, Website နှင့် Facebook Voting များကို စက်တင်ဘာ ဒုတိယပတ်တွင် စတင်သွားမည်ဖြစ်ပါသည်။ ဆက်လက်ပြီး Junction Mawtin တွင် Palmolive Natural Shampoo မှပြုလုပ်သော Hair Workshop တွင် ညနေခင်းပွဲတက်ဆံပင်ထုံးဖွဲ့မှုသရုပ်ပြသခြင်းအား လေ့လာကာ ပြိုင်ပွဲဝင်များအား အုပ်စု(၄)စုခွဲ၍ လက်တွေ့ပြုလုပ်သည့်ပြိုင်ပွဲ ကျင်းပခဲ့ပါသည်။လက်တွေ့ပြိုင်ပွဲတွင် ချယ်ရီချစ်ချစ်ထွန်း၊ မေရီမြင့်၊ သွန်းဝတီ၊ မေမြတ်နိုးခင်၊ ပြည့်ဝတီမောင်၊ လရိပ်ပြာတို့ပါဝင်သော အုပ်စု(၁)မှ ဆုရရှိခဲ့ပြီး Palmolive Natural Shampoo မှ ပေးအပ်သည့်အမှတ်တရလက်ဆောင်ကိုရရှိခဲ့ပါသည်။ ညနေပိုင်းတွင် Gandamar Wholesale သို့သွားရောက်ကာ ကုန်တိုက်မှ အရောင်းဝန်ထမ်းများနှင့်အတူ ၀ိုင်းဝန်းကူညီ ရောင်းချခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

၅-၉-၁၆ ရက်နေ့တွင် AGD Bank သို့သွားရောက်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ၊ MPU Card  နှင့် Mobile Application အသုံးပြုခြင်းများကို လေ့လာခဲ့ပြီး Quiz Program ပြုလုပ်ခဲ့ပါ သည်။ Quiz Program ၏ မေးခွန်းသုံးခုတွင် မိုးကုတ်ကိုယ်စားပြုအလှမယ် လေဒီယာစောမှ နှစ်ခုဖြေဆိုနိုင်ခဲ့ပြီး ပုသိမ်ကိုယ်စားပြုအလှမယ် မေကဗျာဦးမှ တစ်ခုဖြေဆိုနိုင်ခဲ့သည့်အတွက် AGD Bank မှပေးအပ်သည့်အမှတ်တရလက်ဆောင်ရရှိခဲ့ပါသည်။ ထို့နောက် First National Insurance  ကုမ္ပဏီသို့သွားရောက်ပြီး လက်ရှိမြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းအခြေအနေများကို လေ့လာ ခဲ့ပါသည်။လေ့လာမှုအပြီးလက်မောင်းတွင် ချော်လဲစဉ် ဒဏ်ရာရရှိထားသော မိုးကုတ်ကိုယ်စားပြု အလှမယ်လေဒီယာစောအား First National Insurance မှ အာမခံလျော်ကြေးငွေပေးအပ်ခဲ့ပါ သည်။ ထို့မှတစ်ဆင့် NOW Magazine  နှင့် 7 Days ဂျာနယ်တိုက်များသို့ သွားရောက်လည်ပတ် လေ့လာခဲ့ကြပါသည်။ ၇-၉-၁၆ ရက်နေ့တွင် Myanmar National Airlines သို့သွားရောက်ခဲ့ပြီး အလှမယ်များ၏ ပူတာအိုလူမှုရေးခရီးစဉ်နှင့် လှူဒါန်းရန် ဆန်အိတ်များ သယ်ယူနိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။ ထိုမှတစ်ဆင့် ဂမုန်းပွင့် (စံရိပ်ငြိမ်)ရှိ BSC Cosmetic ကောင်တာသို့ သွားရောက်ကာ မျက်နှာအသားအရေစမ်းသပ်ခြင်းများပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ၁၇-၉-၁၆ရက်နေ့တွင် ပင်လုံဆေးရုံနှင့် ရန်ကုန်ကလေးဆေးရုံကြီးရှိဝေဒနာရှင် ကလေးငယ်များထံသို့သွားရောက်အားပေးကြမည်ဖြစ်ပါသည်။ ၁၈-၉-၂၀၁၆ ရက်နေ့မှ ၂၁-၉-၂၀၁၆ ရက်နေ့အထိ Blue Diamond Cement ၏ စီစဉ်ပံ့ပိုးမှုဖြင့် ပူတာအိုရှိ စစ်ဘေးရှောင်စခန်း  နှင့် မိဘမဲ့ကျောင်းများသို့သွားရောက်လှူဒါန်းခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည်။ ခရီးစဉ်အတွင်း အမှတ်တရပြိုင်ပွဲငယ်များ ပြုလုပ်သွားမည်ဖြစ်ပါသည်။ National Costume Competition   နှင့် National Gift Auction  ကို (၂၉-၉-၁၆)ရက်နေ့ Gandamar Grand Ballroom  တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်ရောင်းချရငွေနှင့် လေလံတင်ရောင်းချရငွေများကို လူမှုရေးအဖွဲ့ အစည်းနှင့်လိုအပ်သည့်နေရာများသို့ လှူဒါန်းသွားမည်ဖြစ်ပါသည်။ Miss Universe Myanmar 2017 ပြိုင်ပွဲကြီးအား (၆-၁၀-၂၀၁၆)ရက်နေ့ ညနေ(၆း၀၀)နာရီတွင် Novotel Hotel Grand Ballroom  တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး mntv နှင့် channel 9 တို့မှ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ လတ်တလော အလှမယ်များ၏ လှုပ်ရှားမှုများကို Hello Miss Universe TV Program အဖြစ် mntv တွင် အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ညနေ(၅း၃၀)နာရီ၊ Channel 9 တွင် အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေ နံနက်(၁၀း၃၀)နာရီ အချိန်တို့တွင် ထုတ်လွှင့်ပြသလျက်ရှိပါသည်။

 လေးစားစွာဖြင့်
Miss Universe Myanmar Organization