ရွှေဂုံတိုင်မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေးဂေဟာမှ ကလေးငယ်များ အတွက်

ပုဂံမြေမှ ပြန်လာသော Miss Universe Myanmar 2014 Top (20) Finalist များမှ သူတို့၏ မိသားစုဝင်များ၊ Fan များ၊ သူငယ်ချင်းများနှင့် ချစ်ခင်အားပေးကြသော မိဘပြည်သူများ အားလုံးအတွက် ရည်ရွယ်ကာ ပုဂံမြေမှ အမှတ်တရ လက်ဆောင် လေးများအား အပျော်သဘောအနေနှင့် သင့်လျော်သော ဈေးပြိုင်စနစ်ရောင်းချရမှုမှ ရရှိလာသော ငွေအားလုံးအား (၁.၇.၂၀၁၄)ရက်နေ့တွင် ရွှေဂုံတိုင်မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေးဂေဟာမှ ကလေးငယ်များနှင့်အတူ Happy Zone သို့သွားရောက် လည်ပတ်ကာ ကလေးငယ်လေးများ ကြိုက်နှစ်သက်သည့် အစားအစာများ၊ ကစားခြင်းများနှင့် အခြားလိုအပ်သည် များ အားလုံးအတွက် လှူဒါန်းပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

မိမိအားပေးနှစ်သက်သည့် အလှမယ်များနှင့်အတူ မိမိကိုယ်တိုင် ပါဝင်ကာ ကလေးငယ်လေးများအတွက် တစ်ဖက်တစ်လမ်းမှ အားပေးကူညီနိုင်မည့် အစီအစဉ်လေးတစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်ပါသည်။