မိမိ ကြိုက်နှစ်သက်သည့် အလှမယ်ကိုအားပေးရင်း ကုသိုလ်ယူနိုင်မည့် အခွင့်အရေး

Miss Universe Myanmar 2014 ဆန်ကာတင်အလှမယ် အယောက် (20)သည် ယခုပုဂံခရီးစဉ်မှ သူတို့ကြိုက်နှစ်သက်ရာ ပုဂံရောက်အမှတ်တရ လက်ဆောင် များဝယ်လာပြီး အမှတ်တရပစ္စည်းများကို  ပရိသတ်များထံအခြေခံ ဈေးတစ်ခု
သတ်မှတ်၍ ပြန်လည်ရောင်းချ မည်ဖြစ်ပါသည်။

ထိုအမှတ်တရလက်ဆောင်များ ကို Miss များ၏ Photo နှင့် အတူ Facebook တွင် တင်ပေးသွားမည် ဖြစ်ပါသည်။ ထို Facebook Photo တွင် ပရိသတ်များက မိမိဝယ်ယူလိုသော ငွေပမာဏကို ၀ယ်ယူလိုသည့် အမှတ်တရ ပစ္စည်း ၏ Photo တွင် Comment ပေးနိုင်ပါသည်။

တစ်ပတ်အချိန်ပေးမည်ဖြစ်ပြီး တစ်ပတ်ပြည့်ပါက ငွေပမာဏအများဆုံးပေးနိုင်သော ပရိတ်သတ်အားရောင်းချပေးသွားပါမည်။ ရောင်းချရသောငွေများအားလုံး ကို ချို့တဲ့သောကလေးများအား ထောက်ပံ့ခြင်း၊ဂေဟာများအား လှူဒါန်းခြင်းနှင့် အကူအညီလိုအပ်သော နေရာများသို့သွားရောက် လှူဒါန်းမည်ဖြစ်ပါသဖြင့် ပရိသတ်များအနေဖြင့် မိမိနှစ်သက်အားပေးသော အလှမယ်၏ လက်ဆောင်ပစ္စည်းကို ၀ယ်ယူပြီး ကုသိုလ်ယူနိုင်မည့် အခွင့်အရေး တစ်ခုဖြစ်သောကြောင့် ယခုအစီအစဉ်တွင် ပါဝင်လှူဒါန်းရန် ခင်မင်စွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။