ဆန်ကာတွင် ရွေးချယ်ခဲ့သည့် ပုံရိပ်များ

Miss Universe Myanmar 2014 ဆန်ကာတင် အယောက် (၂၀) ရွေးချယ်ပွဲကြီးကို (၄.၆.၂၀၁၄) ရက်နေ့ နံနက် (၉) နာရီတွင် ရန်ကင်းစင်တာဘေးရှိ ရွှေပုပ္ပားဆေးခန်းအပေါ်ထပ်ရှိ မြန်မာလေညင်း ကုမ္ပဏီလီမိတက် ရုံးခန်းတွင် ပြုလုပ်ကျင်းပ ခဲ့ပါသည်။

တစ်နိုင်ငံလုံးမှ လျှောက်ထားလာသည့် လျှောက်လွှာရှင် များအနက် လူဦးရေ ၄၀ ကို ရွေးချယ်ကာ ဆန်ကာတင် ၂၀ ရွေးချယ် ခဲ့ပါသည်။ ပြိုင်ပွဲဝင်များတွင် ယခင်နှစ်ပြိုင်ပွဲများ၌ ပါဝင်ခဲ့သူအချို့ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မှုများရှိသလို အခြားအလှမယ် ရွေးချယ်ပွဲများတွင် ဆုရရှိထားသည့် မော်ဒယ်များလည်း ပါဝင်ခဲ့ပါသည်။ယခင်နှစ်ပြိုင်ပွဲကဲ့သို့ပင် ရန်ကုန်နှင့် မန္တလေးမှ ပြိုင်ပွဲဝင်အများစု ပါဝင်ကာ မြစ်ကြီးနား၊ တောင်ကြီးမြို့များမှ ပြိုင်ပွဲဝင်များလည်း ပါဝင်သည်။ လူမှုရေးခရီးစဉ်အဖြစ် မြစ်ကြီးနားဘက်ကို သွားဖို့ရှိသလို ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို အလည်သွားရင်း တစ်ပတ်လောက် စခန်းသွင်း လေ့ကျင်ဖို့ ရှိပါသည်။

ရွေးချယ်ခံရသည့် ဆန်ကာတင် အယောက် (၂၀) ကို (၁၀.၆.၂၀၁၄) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် Media များနှင့် မိတ်ဆက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ပါသည်။ ဆုကြေးတွေကတော့ မနှစ်အတိုင်း Title ဆုကို သိန်း ၁ဝဝ၊ ပထမဆုကို သိန်း ၅ဝနဲ့ ဒုတိယဆုကို ၂၅သိန်းပေးမှာဖြစ်ပြီး ကုမ္ပဏီတွေက ပံ့ပိုးတဲ့ အခြားTitle ဆုတွေကတော့ ၅ဆုရှိနေပြီး ထပ်တိုးဖို့လည်းရှိပါသည်။