စာနယ်ဇင်းမိတ်ဆက်ပွဲ ဖိတ်ကြားခြင်း

၎.၈.၁၇ ရက်နေ့ စာနယ်ဇင်းမိတ်ဆက်ပွဲလေးပြုလုပ်မှာမို့ ခင်မင်လေးစားအပ်ပါသော မီဒီယာမိတ်ဆွေများကြွရောက် သတင်းယူပေးနိုင်ပါရန်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်ရှင် ၇.၈.၁၇ ရက်နေ့မှ ၁၁.၈.၁၇ ရက်နေ့အတွင်း MUMအလှမယ်များမှ ကရင်ပြည်နယ် ဘားအံမြို့၊မြဝတီမြို့နှင့် မွန်ပြည်နယ် သထုံမြို့ ဆိတ်ကျွန်းကျေးရွာ များသို့ လူမှုရေးလုပ်ရှားမှုများနှင့် ပရဟိတ ခရီးစဉ် များသွားရောက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ရိုးရာကရင်ဒုံးယိမ်းအကများဖြင့် ကြိုဆိုကခုန်ခြင်း၊ ကရင်ရိုးရာလက်ချည်ပွဲတော်သို့ သွားရောက်လေ့လာခြင်း၊ မြိုင်ကြီးငူ သို့သွားရောက်ခြင်း၊ရွှေ့ပြောင်းအလုပ်သမားများထံသွားရောက်အားပေးခြင်း၊ အထင်ကရ နေရာများသို့လည်ပတ်လေ့လာခြင်း၊ ကရင်ကျေးရွာတွင် လှူဒါန်းမှုများပြုလုပ်သွားမည့်အပြင် Talent Show ပြသသွားမည်ဖြစ်ပါသည်။ခရီးစဉ်အတွင်းရရှိသော လက်မှတ်ရောင်းရငွေနှင့် အလှုငွေများ ကို ဒေသအတွင်းပြန်လည်လှုဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။

၁၃.၈.၁၇ ရက်နေ့တွင် ရန်ကုန် - နေပြည်တော် အမြန်လမ်း ကျောက်တံခါးမြို့နယ် Camp 76 တွင် အလှမယ်များ၊ လိုက်ပါသတင်းယူသောမီဒီယာများ နှင့် ကျန့်ချောင်းကျေးရွာ အခြေခံမူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူများမှ အမှတ်တစ်ရ သစ်ပင်စိုက်ပျိုးခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး စိုက်ပျိုးပြီးအပင်များအားစိုက်ပျိုးသူများဧ။်အမည်များနှင့်တစ်ကွ မှတ်တမ်းတင်ထားရှိသွားမည်ဖြစ်ပါသည်။ ကျန့်ချောင်းကျေးရွာအခြေခံမူလတန်းကျောင်းနေ ကလေးငယ်များအတွက် မယ်စကြာဝဠာမြန်မာအဖွဲ့အစည်းမှ ကစားကွင်းငယ်တစ်ခုအား လှူဒါန်းသွားမည်ဖြစ်ပါသည်။
MUM အလှမယ်များဧ။် ကရင်ပြည်နယ်ခရီးစဉ်နှင့် လူမှုရေးလှုပ်ရှားမှုများအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါး ဖိတ်ခေါ်အပ်ပါသည်ရှင့်

Date : 4.8.2017 (Fridays)
Time : 1:00 PM - 3:00 PM
Venue : Gandamar Grand Ballroom